Saturday, March 1, 2014

ဆိတ်ဖလူးပန်း (Nyctanthes arbor-tristis L)

ဆိတ်ဖလူးပန်း (Nyctanthes arbor-tristis L)
Night flowering Jasmine, Coral Jasmine
Family - Oleaceae
((Credit to Sitagu Hsipaw))

ဆင်ခရမ်းချဉ် (တောင်ပေါ်ခရမ်းချဉ်သီး - တောခရမ်းချဉ်သီး).

ဆင်ခရမ်းချဉ် (တောင်ပေါ်ခရမ်းချဉ်သီး - တောခရမ်းချဉ်သီး) Solanum betaceum Cav
Common name - Tree Tomato (Family - Solanaceae)
အပင်က လူတရပ်ကျော်မြင့်တဲ့ အပင်ကြီးပါ small tree လောက်တောင်ရှိပါတယ်။ တောင်ပေါ်မှာတော့ ချင်းလူမျိုးတွေအရမ်းကြိုက်တဲ့ အရမ်းကောင်းတဲ့ ဟင်းတခွက်ပါ။ မြေပြန့်မှာတော့ ပန်ထွေဖျော် လို့ခေါ်ရမယ်ထင်ပါတယ်။ ပထမဆုံး ခရမ်းချဉ်သီးလေးတွေကို တံစို့ထိုးပြီး မီးဖုတ်
ဖုတ်ပြီးသားကို ရေထဲမှာစိမ်၊ အပေါ်အခွံကိုဖယ်၊ အတွင်းသားကို ငြုတ်ဆုံထဲမှာ ဆား ငြုတ်သီး အဆာပလာ များနဲ့ ညက်နေအောင်ထောင်း လိုက်ရင်ဘဲ စွဲမက်ဖွယ်ရာကောင်းပြီး အရသာရှိလှတဲ့ တောင်ပေါ် ဆင်ခရမ်းချဉ်သီးထောင်း ဟင်းတခွက်ကိုရမှာဖြစ်ပါတယ်။ညနေစာလေးကို နွားနောက်သားခြောက်ဖုတ် ဆီဆမ်း နဲ့ ခရမ်းချဉ်သီးထောင်းလေးနဲ့လို့ အလွန်ထမင်းမြိန်စေပါတယ်။ ထို့အပြင် မီးဖုတ် ငပိနှင့်သုတ်စားခြင်း၊ ရှမ်းပဲပုတ်နှင့် ရော၍ထောင်းစားခြင်းအပြင် ပြုတ်၍လည်းလည်း စားသုံးလေ့ရှိပါသည်။
((Credit to Ko Thet Naing Oo))
((Photo - Credit to မောင်ခုပ်လပ်မန်))

Thursday, February 27, 2014

ဖော့ဖူး (မောက်တမ့် - ရှမ်းအခေါ်) ဖော့ပင် (သို့) ဖော့ပန်းဖူး

ဖော့ဖူး (မောက်တမ့် - ရှမ်းအခေါ်) ဖော့ပင် (သို့) ဖော့ပန်းဖူး
Trevesia palmata (Roxb.ex Lindl)Vis,
Common name - Snowflake tree
Family - Araliaceae
Trevesia palmata ခေါ် ဖော့ပင် (သို့) ဖော့ပန်းဖူး (သို့) ဖော့ဖူး ကို ရှမ်းပြည်တွင် ပေါ်များစွာတွေ့နိုင်သည်။ နွေ၇ာသီမှာပေါများစွာတွေ့ရလေ့ရှိပြီး ဂျပန် ထိုင်း လူမျိုးများ ပူပူစပ်စပ်ဟင်းအနှစ်နဲ့ နှစ်ခြိုက်စွာ တွဲဖက်ချက်ပြုတ် စားသုံးလေ့ရှိသည်။ ဖော့ပင်သည် အမြဲစိမ်း သို့ သစ်တောငယ် တခုကဲ့သို့ ပေါက်ရောက်တတ်ပြီး 1500 m အမြင့်ရှိသည်။ ပင်စည်မှာ ဆူး အနည်းငယ်ရှိ၍ အပင်ငယ် အမျိုးအစားဖြစ်သည်။အရွက်မှာ 30 ~ 60 cm အကျယ်ရှိပြီး အရွယ်ရောက်ပြီးသား
အရွက်က အမြစ်တွေ ဖြာထွက်သကဲ့သို့ ဖြစ်နေတတ်သည်။ဝတ်ဆံမှာ 45 cm လောက်ရှည်ပြီး နီညိုရင့်ရောင် (သို့) သံချေးရောင် ရှိတတ်သည်။ ပန်းပွင့်၏ ပွင့်ဖတ်မှာ 6 mm အချင်းရှိပြီး အသီးမှာ ခြောက်နေသည့် ဆေးလုံးပုံစံရှိ၍ အရွယ်အစားအားဖြင့် 15 x 12 mm ရှိတယ်။ ခါးသက်သည့် အရသာရှိပြီး ငပိနဲ့ကြော်စားခြင်း ပြုတ်ပြီးသုတ်စား တို့စားကြသည့်အပြင် (ခရမ်းသီး ငရုတ်သီးစိမ်း ခရမ်းချဉ်သီးမီးဖုတ် နှင့် ဖော့ဖူးပြုတ်တို့ကိုရော၍) ဖော့ဖူးထောင်း အဖြစ်လည်း စားသုံးလေ့ရှိသည်။ ထို့အပြင် ဖော့ဖူးဆန်လှော်ဟင်းခါး၊ ဖော့ဖူးဟင်းထုတ်
(မုန်ညှင်းချဉ် ဝက်သား)ကို ဖော့ဖူးနှင့်ရော၍ ဆီကျန်ရေကျန် ရောကြော်ပြီးလည်း စားသုံးလေ့ရှိသည်။

Credit to ..