Thursday, February 27, 2014

ဖော့ဖူး (မောက်တမ့် - ရှမ်းအခေါ်) ဖော့ပင် (သို့) ဖော့ပန်းဖူး

ဖော့ဖူး (မောက်တမ့် - ရှမ်းအခေါ်) ဖော့ပင် (သို့) ဖော့ပန်းဖူး
Trevesia palmata (Roxb.ex Lindl)Vis,
Common name - Snowflake tree
Family - Araliaceae
Trevesia palmata ခေါ် ဖော့ပင် (သို့) ဖော့ပန်းဖူး (သို့) ဖော့ဖူး ကို ရှမ်းပြည်တွင် ပေါ်များစွာတွေ့နိုင်သည်။ နွေ၇ာသီမှာပေါများစွာတွေ့ရလေ့ရှိပြီး ဂျပန် ထိုင်း လူမျိုးများ ပူပူစပ်စပ်ဟင်းအနှစ်နဲ့ နှစ်ခြိုက်စွာ တွဲဖက်ချက်ပြုတ် စားသုံးလေ့ရှိသည်။ ဖော့ပင်သည် အမြဲစိမ်း သို့ သစ်တောငယ် တခုကဲ့သို့ ပေါက်ရောက်တတ်ပြီး 1500 m အမြင့်ရှိသည်။ ပင်စည်မှာ ဆူး အနည်းငယ်ရှိ၍ အပင်ငယ် အမျိုးအစားဖြစ်သည်။အရွက်မှာ 30 ~ 60 cm အကျယ်ရှိပြီး အရွယ်ရောက်ပြီးသား
အရွက်က အမြစ်တွေ ဖြာထွက်သကဲ့သို့ ဖြစ်နေတတ်သည်။ဝတ်ဆံမှာ 45 cm လောက်ရှည်ပြီး နီညိုရင့်ရောင် (သို့) သံချေးရောင် ရှိတတ်သည်။ ပန်းပွင့်၏ ပွင့်ဖတ်မှာ 6 mm အချင်းရှိပြီး အသီးမှာ ခြောက်နေသည့် ဆေးလုံးပုံစံရှိ၍ အရွယ်အစားအားဖြင့် 15 x 12 mm ရှိတယ်။ ခါးသက်သည့် အရသာရှိပြီး ငပိနဲ့ကြော်စားခြင်း ပြုတ်ပြီးသုတ်စား တို့စားကြသည့်အပြင် (ခရမ်းသီး ငရုတ်သီးစိမ်း ခရမ်းချဉ်သီးမီးဖုတ် နှင့် ဖော့ဖူးပြုတ်တို့ကိုရော၍) ဖော့ဖူးထောင်း အဖြစ်လည်း စားသုံးလေ့ရှိသည်။ ထို့အပြင် ဖော့ဖူးဆန်လှော်ဟင်းခါး၊ ဖော့ဖူးဟင်းထုတ်
(မုန်ညှင်းချဉ် ဝက်သား)ကို ဖော့ဖူးနှင့်ရော၍ ဆီကျန်ရေကျန် ရောကြော်ပြီးလည်း စားသုံးလေ့ရှိသည်။

Credit to ..